ဆောင်းတွင်းမှာ အအေးမမိဘဲ နွေးထွေးစေမဲ့ နည်းလမ်းများ
ရာသီဥတု အေးတဲ့အခါ Covid နဲ့ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ထကြွပြီး အအေးမိတုပ်ကွေးနဲ့ အသက်ရှူလမ်းကြောင်း ရောဂါတွေ ဖြစ်တာ၊ ပန်းနာရင်ကြပ်ရောဂါ ထကြွတာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ အအေးမမိရအောင် အနွေးဓာတ်ကလေး ရှိဖို့တော့ လိုတယ်လေ။
လူ့ခန္ဓာကိုယ်ဟာ အနွေးဓာတ်ရနိုင်ဖို့ အပူချိန် 37 ဒီဂရီစင်တီဂရိတ် ရှိဖို့ လိုပြီး ပြင်ပအပူချိန် အနည်းဆုံး 18 ဒီဂရီစင်တီဂရိတ် ရှိဖို့ လိုအပ်ပါတယ်။
ဒါကြောင့် အအေးမမိဘဲ နွေးထွေးစေမဲ့ နည်းလမ်းလေးတွေကို ကြည့်ကြရအောင်နော်။
(1) ခန္ဓာကိုယ် နွေးထွေးအောင် နေပါ
ခန္ဓာကိုယ်နွေးထွေးစေဖို့…
- အထပ်ထပ်ဝတ်ပါ။ တစ်ထပ်တည်း အထူကြီးဝတ်တာထက် အထပ်ထပ် ဝတ်ဆင်တာက အနွေးဓာတ်ပိုပြီး ရစေပါတယ်။ ခြေအိတ်ထူထူဝတ်ပါ။
- ပူပူနွေးနွေးအစားအစာတွေ စားတာ၊ အရည်ပူပူလေးတွေ သောက်တာကလည်း ခန္ဓာကိုယ်တွင်း အပူချိန်ကို မြင့်တက်စေပါတယ်။ အရက်ကိုတော့ ရှောင်သင့်ပါတယ်။ အရက်ကို အလွန်အကျွံသောက်တာ မဟုတ်ရင် သွေးကြောတွေကျယ်စေပြီး ခန္ဓာကိုယ်အပူချိန် ဆုံးရှုံးစေပါတယ်။
- လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေပါ။ လှုပ်ရှားနေတဲ့အခါ သွေးလှည့်ပတ်မှု ကောင်းပြီး နွေးထွေးစေပါတယ်။
(2) အိမ်အတွင်းမှာ နွေးထွေးအောင် ပြုလုပ်ပါ
အပူပေးစက်မရှိရင်လည်း စိတ်ပူစရာမလိုပါဘူး။
- နေ့ခင်းဘက်မှာ ခန်းဆီးတွေကို တင်ထားပြီး အိမ်အတွင်းကို နေရောင်ခြည် ဝင်ရောက်အောင်လုပ်ပါ။ နေဝင်တာနဲ့ တံခါးတွေ အကုန်ပိတ်ပြီး ခန်းဆီးထူထူ ချထားတာက အိမ်တွင်းမှာ နွေးထွေးနေစေမှာပါ။
- ပိတ်ထားတဲ့ ပြတင်းပေါက်နဲ့ တံခါးကြားကနေ လေအေးတွေ စိမ့်ဝင်နိုင်တာမို့ ဖြစ်နိုင်ရင် ပြတင်းပေါက်နဲ့ တံခါးကြားတွေကို တိပ်နဲ့ကပ်တာမျိုး လုပ်နိုင်ပါတယ်။
- ကြမ်းခင်းတွေ၊ ကျောက်ပြားတွေက အအေးဓာတ်ရှိတဲ့အတွက် ကော်ဇော်ခင်းတာ သို့မဟုတ် ခြေသုတ်ခုံတွေ များများခင်းထားတာက အအေးဓာတ် လျော့စေပါတယ်။
(3) ညဘက်မှာ နွေးထွေးနေဖို့ ဂရုပြုပါ
အအေးဓာတ်က ညဘက်တွေမှာ ပိုများပါတယ်။
- ဖလန်နယ်၊ သိုးမွှေး၊ ဆီလီကွန် စတဲ့အရာတွေနဲ့ ပြုလုပ်ထားတဲ့ အိပ်ယာခင်းနဲ့ စောင်တွေက အပူကိုပိုပြီး စုပ်ယူနိုင်ပြီး နွေးထွေးစေပါတယ်။
- လျှပ်စစ်စောင် (electric blanket) တွေက အပူပေးစက်တွေထက် စျေးသက်သာပြီး နွေးထွေးစေပါတယ်။
- ရေနွေးပုလင်း၊ ရေနွေးအိတ်တွေ အနားမှာ ထားတာကလည်း အကုန်အကျမများဘဲ အနွေးဓာတ်ရစေမဲ့ နည်းလမ်းပါ။
(4) အနွေးဓာတ်ရမဲ့ နေရာကို ရှာပါ
အပြင်မှာရောက်နေတဲ့ အချိန်ဆို လူထူထပ်တဲ့ shopping center၊ ဘုရား၊ ဘုရားကျောင်း၊ ကော်ဖီဆိုင် စတာတွေမှာ အနွေးဓာတ်ရနိုင်ပြီး အိမ်မှာဆိုရင်လည်း မီးဖိုနားနေတာ၊ မိသားစုတွေ စုပြီးနေတာ၊ နေရောင်ခြည်ရောက်တဲ့ နေရာမှာ နေတာတွေက အနွေးဓာတ် ရစေနိုင်ပါတယ်။
ဆောင်းတွင်းမှာ နွေးထွေးစေဖို့ ဖက်ထားပေမယ့် အချစ်မရှိရင်လည်း FA ကိုကိုမမတွေ စိုးရိမ်စရာမလိုအောင် နည်းလမ်းတွေ ပြောပြလိုက်ပြီမို့ အအေးမိခြင်းမှ ကင်းဝေးနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်